Alaungdaw Katapa Training

သစ်တောမူဝါ၏ ပဓာနကျသော အချက် (၆) ချက်

၁။ ကာကွယ်ခြင်း (Protection)

ရေ၊ မြေ၊ တောရိုင်းတိရစ္ဆာန် ၊ ဇီဝ မျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရမည်။

၂။ ထာဝစဥ်တည်တံ့စေခြင်း (Sustainability)

လက်ရှိပြည်သူလူထုနှင့်နောင်လာနောက်သားများပါသစ်တောများမှ ရရှိနိုင်သည့်တိုက်ရိုက်နှင့် သွယ်ဝိုက်သောအကျိုးများကိုစဉ်ဆက်မပြတ်ခံ စားနိုင်ကြစေရန်သစ်တောသယံဇာတ အရင်းအမြစ်များကိုထာ၀စဉ်တည်တံ့နေစေရေးအတွက် ထိန်းသိမ်းရမည်။

၃။ အခြေခံစားဝတ်နေရေး လိုအဖ်ချက်များ ဖြည့်ဆည်းပေးခြင်း (Basic Needs)

ပြည်သူလူထု၏ လောင်စာ၊ နေအိမ်အဆောက်အအုံးအစားအစာနှင့်အပန်းဖြေနားနေမှုအစရှိသည့်အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည်။

၄။ စွမ်းဆောင်ရည်တိုးတက်မြင့်မားစေခြင်း (Effciency)

သစ်တောသယံဇာတများမှရရှိနိုင်သည့်စီးပွားရေးအကျိုးအမြတ်တို့အားလူမှုရေးနှင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မထိခိုက်စေဘဲ အပြည့်အဝ အသုံးချရန်စီမံရမည်။

၅။ ပြည်သူတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း (Participation)

သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်။

၆။ ပြည်သူအတွင်း နိုးကြားတက်ကြွသည့် အသိရှင်သန်နေစေခြင်း

နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရာတွင် သစ်တောများအဓိက အခန်းပါဝင်နေကြောင်းပြည်သူတို့အတွင်း နိုးကြားသည့် အသိရှင်သန်စေရန် စည်းရုံးလှုံ့ဆော်သွားရမည်။